Zeagwat

Local Search Engine Optimization: သင့်လုပ်ငန်းရဲ့ အနီးတဝိုက်မှာရှိတဲ့ ဖောက်သည်များကိုဆွဲဆောင်နည်း…

Local SEO ဆိုတာက Google Business Listing (Google Maps) နှင့် Website ကိုအသုံးပြုပြီး မိမိလုပ်ငန်းနှင့် အနီးတဝိုက်မှာရှိတဲ့ Customers များကို မိမိလုပ်ငန်းအား မြင်သာအောင်ပြုလုပ်တဲ့စနစ်ပဲဖြစ်ပါသည်။ 

ဘာကြောင့်လုပ်သင့်တာလဲ?

သင့်ရဲ့ ဖုန်းထဲမှာ Google Maps ရှိနေပြီး သင်ကိုယ်တိုင်ကလဲ Google Maps (သို့) Google Search အသုံးပြုဖူးလျှင် လုပ်သင့်ပါသည်။ Facebook ကတော့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ကြော်ညာစရာနေရာတစ်ခု ဖြစ်ပြီး Google Business and Maps ကတော့ အသုံးပြုသူအရမ်းများပြီး လူသိနည်းနေတဲ့ Marketing Channel တစ်ခုဖြစ်နေလို့ပါ။ 

ဘာကြောင့်မလုပ်သင့်လဲ?

သင်ဟာလုပ်ငန်းကို Facebook လို Social Media တစ်ခုထဲမှာပဲ Run ချင်ပြီး တခြားသော Potential များစွာရှိတဲ့ Marketing Channel တွေထဲမှာပါ မသိစေချင်ရင် မလုပ်ပါနဲ့…

Local SEO ကိုအသုံးပြုဖို့အတွက် မဖြစ်မနေလိုအပ်တာကတော့ Verified Google Business Listing ပါ.. 

ဒုတိယတစ်ခု အနေနဲ့ကတော့ Website တစ်ခုရေးဆွဲထားပါဖို့လိုအပ်ပါတယ်….

Verified Google Business Listing ရှိပြီဆိုလျှင် Google Maps ပေါ်မှာပေါ်တဲ့ သင့်လုပ်ငန်းရဲ့အချက်အလက်များကို အသေးစိတ်ပြင်နိုင်ခြင်း၊ Post များတင်နိုင်ခြင်း၊ Customer Message များအကြောင်းပြန်နိုင်ခြင်း၊ မိမိလုပ်ငန်းနှင့် ပတ်သက်သော Promotional Information များကို Sharing ပြုလုပ်နိုင်ခြင်း အစရှိသည့် ဝန်ဆောင်မှုများစွာကို ရရှိမှာပဲဖြစ်ပါသည်။ 

Local SEO အတွက်ပြုလုပ်ရမယ့် Checklist တချို့ကတော့

  • Customer များထံမှာ Reviews များတောင်းခံခြင်း
  • Google Business Page တွင် Post (Photos and  Videos) များ တစ်ပတ် ၃ ကြိမ်ခန့် အနည်းဆုံးတင်ခြင်း
  • မိမိ၏ လုပ်ငန်း၏ အချက်အလက်များအား Website နှင့် Google Business Page ပေါ်တွင် တိကျမှန်ကန်မှုအမြဲရှိစေရန် စစ်ဆေးခြင်း အစရှိသည် တို့ဖြစ်ပါသည်။ 

မှတ်ချက်။ ။ Google Business Page အား Verified ပြုလုပ်ရန်အတွက် Website (သို့) Phone Number ရှိရန်လိုအပ်ပါသည်။ ယခုနောက်ပိုင်းတွင် Google Policy Changes အရ Website ရှိထားသော Business များသည် Instant Verification ပြုလုပ်၍ ချက်ချင်းရနိုင်ပါသည်။ Website မရှိသော Business များအနေဖြင့် Phone Number (သို့) Post Mail ဖြင့် Verified ပြုလုပ်ရပြီး ကြာမြင့်ချိန် ၃ ပတ်မှာ ၆ ပတ်အထိကြာနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You might also like

E-commerce Website + POS ကို 350000 ကျပ်ထဲဖြင့် တစ်သက်တာရယူနိုင်ပါပြီ….

E-commerce Website + POS ကို 350000 ကျပ်ထဲဖြင့်...

Showcase: Dr. Mac Mandalay

ကျွန်တော်တို့ Zeagwat, Inc.  မှ Redesign အသစ်ပြုလုပ်ပေးထားတဲ့ Website...

Showcase: Inspire World International School

Mandalay မှာ International School တွေအများကြီးရှိပါတယ်…. ဒါပေမယ့် Management...

Logo Showcase: Shwe Nan Htike

ကျွန်တော်တို့ Zeagwat အနေနဲ့ “Shwe Nan Htike (ရွှေနန်းထိုက်...