မြန်မာနိုင်ငံမှာ တရုတ်ပြည်ရဲ့ Great Firewall အတိုင်း အင်တာနက်ကို ထိန်းချုပ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့အတွက် တရုတ်ပြည်က နည်းပညာရှင်တွေနဲ့ စက်ပစ္စည်းတွေ မြန်မာနိုင်ငံကို လေယာဥ်နဲ့ရောက်လာတယ်ဆိုတဲ့ သတင်းက Facebook နဲ့ အခြား Social Media တွေပေါ်မှာ ပလူပျံနေပါတယ် ။
ဒီသတင်းသာအမှန်ဖြစ်ခဲ့မယ်ဆိုရင် တရုတ်ပြည်ရဲ့ Great Firewall ဆိုတာဘာလဲ ? Great Firewall ကို ကျော်လွှားပြီး အင်တာနက်ကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ဖို့ ဘယ်လိုလုပ်ရမလဲ ? ဆိုတာကိုလူတိုင်းသိထားသင့်ပါတယ် ။
တရုတ်ပြည်ရဲ့ Great Firewall ဆိုတာဘာလဲ ?
တရုတ်ပြည်ရဲ့ Great Firewall ဆိုတာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေ တရုတ်ပြည်တွင်းမှာ အင်တာနက်ကို သူတို့ချမှတ်ထားတဲ့ စည်းမျဥ်းတွေနဲ့သာသုံးစွဲနိုင်ဖို့အတွက် ပြုလုပ်ထားတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ် ။ Great Firewall အနေနဲ့ တရုတ်နိုင်ငံရဲ့ အင်တာနက်ဆင်ဆာဖြတ်တောက်မှုအရ ပိတ်ပင်ဖို့သတ်မှတ်ထားတဲ့ နိုင်ငံခြား Website တွေကို ပိတ်ပင်ဖို့ နဲ့ နယ်စပ်ဖြတ်ကျော်တဲ့အင်တာနက်တွေကို နှေးကွေးအောင်လုပ်ဆောင်ပေးတာပဲဖြစ်ပါတယ် ။ အကျိုးသက်ရောက်မှုအနေနဲ့ နိုင်ငံရပ်ခြားသတင်းအချက်အလက်တွေကို အကန့်အသတ်နဲ့သာ ကြည့်ရှုခွင့်ရခြင်း၊ Google, Facebook, Twitter, Wikipedia နဲ့ အခြား Tools တွေကို အသုံးပြုခွင့်ပိတ်ပင်ခံရခြင်း စတာတွေဖြစ်နိုင်ပါတယ် ။ တရုတ်ပြည်ရဲ့ Great Firewall ကို လက်ရှိမှာ ကျူးဘား ၊ အီရန် ၊ ဗီယက်နမ် နဲ့ ဇင်ဘာဘွေနိုင်ငံတွေမှာလည်း အသုံးပြုနေတယ်လို့ယူဆရပါတယ် ။

မြန်မာနိုင်ငံမှာ တရုတ်ပြည်ရဲ့ Great Firewall အတိုင်း အင်တာနက်ကို ထိန်းချုပ်ပိတ်ဆို့မှုတွေပြုလုပ်ရင် ဘာတွေဖြစ်နိုင်မလဲ ?
အရှင်းဆုံးပြောရရင် တရုတ်နိုင်ငံလိုပဲ ဖြစ်သွားမှာပါ ။ Facebook, Google, Twitter, Wikipedia နဲ့ တခြား Tools တွေကို အသုံးပြုခွင့်ပိတ်ပင်ခံရမယ် ။ နိုင်ငံတကာနဲ့အဆက်အသွယ်ရဖို့ခက်ခဲသွားမယ် ။ နာမည်ကြီး VPN တော်တော်များများ အသုံးပြုလို့မရဘဲဖြစ်သွားမယ်။ သတင်းအချက်အလက်တွေကို အကန့်အသတ်နဲ့ပဲကြည့်ရှုခွင့်ရတော့မယ် ။ ဒါကသာမန်ပြည်သူတွေအတွက်ပဲဖြစ်ပြီးတော့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့တော့ ဆုံးရှုံးမှုကြီးကြီးမားမားတွေအထိဖြစ်နိုင်ပါတယ် ။ ချုံငုံပြောရရင်ပြည်သူတွေအတွက် ဆိုးကျိုးတွေပဲဖြစ်လာမှာပါ ။
Great Firewall ကို ကျော်လွှားပြီး အင်တာနက်ကို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ဖို့ ဘယ်လိုလုပ်ရမလဲ ?
Great Firewall စနစ်နဲ့ အင်တာနက်ကိုပိတ်ပင်မယ်ဆိုရင် လက်ရှိအသုံးပြုနေတဲ့ VPN တွေကိုသုံးဖို့ အဆင်မပြေတော့ပါဘူး ။ ဒါကြောင့် လက်ရှိတရုတ်နိုင်ငံမှာ Great Firewall ကို ကျော်လွှားဖို့အတွက် အသုံးပြုနေတဲ့ Tools တွေကို ဖော်ပြပေးလိုက်ပါတယ် ။
–Ultrasurf -> https://ultrasurf.com
– Psiphon -> https://www.psiphon3.com
– Lantern -> https://getlantern.org
Google Playstore Link :
Psiphon -> https://play.google.com/store/apps/details?id=com.psiphon3.subscription
Lantern -> https://play.google.com/store/apps/details?id=org.getlantern.lantern
အစရှိတဲ့ Tools တွေက Multiple Open Proxies တွေကို အသုံးပြုပြီး Great Firewall ကိုကျော်လွှားနိုင်ဖို့ ပြုလုပ်ထားတဲ့ Program တွေဖြစ်ပါတယ် ။ Psiphon နဲ့ Lantern ကတော့ Mobile Phone တွေအတွက်ပါအလွယ်တကူ Download ဆွဲပြီး အသုံးပြုနိုင်ပါတယ် ။
– Tor -> https://www.torproject.org
Dark Web ကိုဝင်ရောက်ဖို့အတွက် အသုံးပြုတယ်လို့နာမည်ကြီးတဲ့ Tor ကိုလည်း Greate Firewall ကိုကျော်လွှားဖို့အတွက်အသုံးပြုနိုင်ပါတယ် ။ လက်ရှိမှာ IP တချို့ကို Ban ထားတယ်လို့သိရပေမယ့် တစ်စိတ်တစ်ပိုင်းတော့အသုံးပြုနိုင်ပါတယ် ။
– I2P -> https://play.google.com/store/apps/details?id=com.darkweb.i2psearchengine&hl=en&gl=US
Mobile Phone တွေမှာလည်း Dark Web ကို ဝင်ရောက်ဖို့အတွက် အသုံးပြုတဲ့ I2P Browser ကို Greate Firewall ကိုကျော်လွှားဖို့အတွက်အသုံးပြုနိုင်ပါတယ် ။