July 23, 2018

ဘာကြောင့်ကွန်ပျူတာ အခြေခံတတ်ထားရမှာလဲ???

Share on facebook
Share on google
Share on twitter
Share on linkedin

ယခုခေတ်ကြီးဟာ စာဖတ်သူတို့သိကြတဲ့ ခေတ်ကြီးဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံ၏ နည်းပညာသည် အရှိန်အဟုန်နှင့် မြင့်မားလာလျက်ရှိရာ အင်တာနက်ဆိုသည့်အရာ နှင့် လူတိုင်းနှင့် မစိမ်းတော့ပေ။ မြန်မာနိုင်ငံသည် E-Government စနစ်သို့ပြောင်းလဲနေသည့် အချိန်တွင် လူတိုင်းအတွက် အခြေခံကွန်ပျူ အရည်အချင်းများကို တတ်ထားရန်မှာ အရေးပါသောအခန်းကဏ္ဍတွင် ပါ၀င် နေသည်။

ယနေ့ခေတ်အလုပ်ခေါ်ဆိုမှုများတွင့် ကွန်ပျူတာအခြေခံအားကျွမ်းကျင်စွာ တတ်မြောက်ထားသူနှင့် မတတ်သူ၏ အခွင့်အလမ်းသည် များစွာကွာခြားလှသည်။ ကွန်ပျူတာအခြေခံဟုဆိုရာတွင် အများစုသင်ပေးနေကြသည့် Typing, Office Word, Presentation and Excel တို့ကိုကျွန်ုပ်မဆိုလိုပါ (မည်သူ့မျှကို ပုတ်ခတ်ပြောဆိုခြင်းမဟုတ်ပါ.. ဗဟုသုတရရှိစေလို၍ဖြစ်ပါသည်)။

 

ကွန်ပျူတာ အခြေခံဆိုတာ

ကွန်ပျူတာ အခြေခံဆိုသည်မှာ ကွန်ပျူတာ၏ အစိတ်အပိုင်းများနှင့် အလုပ်လုပ်ပုံကို နားလည်ခြင်း၊ မိမိသုံးသော Operating System ၏အကြောင်းနှင့် အသုံးပြုပုံကို နားလည်ကျွမ်းကျင်ခြင်း၊ အင်တာနက်အားအသုံးပြုပြီး သိလိုသည့် သတင်းအချက်အလက်များကို ရှာဖွေခြင်း၊ စိစစ်စုဆောင်းခြင်း၊ အီးမေလ်း အားကျွမ်းကျင်ပိုင်နိုင်စွာအသုံးချခြင်း နှင့် ကွန်ပျူတာတွင် လိုအပ်သည့် Sofware များ Tool များကို ကိုယ်တိုင် လိုအပ်ချက်နှင့် အညီ တပ်ဆင်ပြောင်းလဲအသုံးပြုနိုင်ခြင်း စသည့် အချက်များစွာပါ၀င်ပါသည် (ကျွန်တော်ပြောပြသည့် အချက်အလက်များထက်မက ပါ၀င်ပါသေးသည်)။

ထို့ကြောင့် စာဖတ်သူများအနေဖြင့် မိမိပတ်၀န်းကျင် အနီးနားတွင် ရှိသော အသိမိတ်ဆွေများအား ကွန်ပျူတာ အခြေခံတတ်မည်ဆိုပါက အထက်တွင်ဖော်ပြခဲ့သော အချက်အလက်များပါ၀င်သည့် သင်ကြားပေးနိုင်သော နေရာများကို လမ်းညွန်ပေးစေလိုပါသည်။

 

သင်တန်းပြီးသွားလည်း ဘာမှမတတ်ပါလား

တော်တော်များများက ကျွန်တော့ကိုမေးဖူးပါသည် “သင်တန်းတတ်ပြီးဘာမှလည်းမရဘူး၊ မလုပ်တတ်ဘူးပေ့ါ”။ ကျွန်တော်ဒီနေရာမှာ ပြောချင်တာအချက်ကတော့ သင်တန်းသင်ကြားပုံနှင့်လည်းသက်ဆိုင်သလို၊ သင်ကြားသူ၏ လေ့လာချင်စိတ်နှင့်လည်းသက်ဆိုင်ပါသည်။ သင်ပေးသည့် သင်တန်းက သင်တန်းပြီးသွားသည့်အချိန်တွင် သင်တန်းသားအား ကိုယ်တိုင်ဆက်လက်လေ့လာနိုင်အောင် လမ်းညွန်ချက်များကိုတစ်ပါတည်း သင်ကြားပေးနိုင်ရန်လိုအပ်ပါသည်။ သင်တန်းတက်ရောက်သူအနေဖြင့်လည်း မိမိကိုယ်တိုင် မမေ့ရလေအောင် အထိအတွေ့များအောင်ကြိုးစားရပါမည်။ သို့မှသာ ကွန်ပျူတာဆိုတဲ့အရာကြီးကို ကြောက်စရာလို့မမြင်ပဲ ပျော်စရာကောင်းတဲ့ ကလိစရာလိုမြင်နိုင်မှာဖြစ်ပါသည်။

ကျွန်တော်အထက်တွင် ဖော်ပြခဲ့သလို သင်ကြားပေးနိုင်သည့် အခြေခံသင်တန်းကို တက်ရောက်ချင်ပါက ကျွန်တော်တို့ ဇီးကွက် ကို ဖုန်းဆက်ပြီးဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်တော်တို့ ဇီးကွက် အဖွဲ့အစည်းသည် သင်တန်းလာတတ်သည့် သင်တန်းသားများအတွက် တစ်သက်သာ Membership ၀န်ဆောင်မှုဖြင့်သင်ကြားပေးပါသည်။ တစ်သက်သာ ဆိုသည်မှာ မိမိအခကြေးငွေပေးအပ်ထားသည့် မည်သည့် သင်တန်းကိုမဆို သင်တန်းပြီးဆုံးသွားပါကလည်း သင်တန်းပြန်လည်စတင်သည့် အချိန်များတွင် အကန့်အသက်မရှိပြန်လည် သင်ကြားနိုင်သည့်အခွင့်အရေးဖြစ်ပါသည်။

ကျွန်တော်တို့ ဇီးကွက် တွင် အဓိကသင်ကြားပေးသည့် သင်တန်းဘာသာရပ်များမှာ-

  • Computer Fundamental (ကွန်ပျူတာ အခြေခံ)
  • Web Development for Professional (၀က်ဘ်ဆိုဒ်ရေးသားခြင်းသင်တန်း) နှင့်
  • Adobe Photoshop and Illustrator သင်တန်းတို့ဖြစ်ပါသည်။

 

အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဖုန်း – ၀၉၉၇၇၈၂၉၇၄၄ | ၀၉၇၇၀၁၂၆၆၆၀

အီးမေးလ် – sales@zeagwat.com | htetlwin@live.com

Website – www.zeagwat.com

Images and Graphics by Freepik

Leave a Replay