November 8, 2018

သင့်လုပ်ငန်းအတွက် Custom Email လိုအပ်ရခြင်းအကြောင်းရင်း (၅) ခု

သင့်လုပ်ငန်းအတွက် Website တစ်ခုပြုလုပ်ဖို့ သင်စဥ်းစားထားပြီဆိုလျင် သင့်အနေနဲ့ နောက်ထပ်မဖြစ်မနေရှိရမှာကတော့ Custom Email Address ပါပဲ။

 

Customer Email Address ကဘာကြီးလဲ?

Customer Email Address ဆိုတာက သင့်လုပ်ငန်းရဲ့ Brand နာမည်နဲ့အတူတည်ဆောက်လို့ရတဲ့ သင့်ရဲ့ကိုယ်ပိုင် အီးမေလ်းတွေပါပဲ။ ဥပမာ – ကျွန်တော်တို့ရဲ့ Website က www.zeagwat.com ဆိုတော့ ကျွန်တော်တို့ရဲ့ Custom Email တွေက [email protected] [email protected] အစရှိတာတွေပဲဖြစ်ပါတယ်။ ကဲဒီလောက်ဆိုရင် အကြမ်းအားဖြင့်နားလည်လောက်မယ်ထင်ပါတယ်။ ဘာကြောင့်လိုအပ်ရသလဲဆိုတဲ့ အချက်လေးတွေကို ကြည့်လိုက်ရအောင်….

 

  1. @gmail.com သို့ @outlook.com ဆိုတဲ့အီးမေလ်းတွေဟာ Professional လုံး၀မဆန်ပါဘူး

သင်ဟာ Gmail မှာအီးမေလ်းအကောင့် အလကားရနေတာပဲ ဘာလို့ဒီလိုမျိုးပိုက်ဆံထပ်ပြီးအကုန်ကျခံရမှာလဲလို့ တွေးနေတယ်ဆိုရင် သင်အောက်ကဥပမာလေးကို ပုံဖော်ကြည့်လိုက်ပါ။

သင့်လုပ်ငန်းနာမည်က MyDream ဆိုပါတော့..သင့်လုပ်ငန်းရဲ့ အရောင်း၀န်ထမ်းရဲ့ အီးမေးလ်ကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင် Customer တွေက ဘယ်ဟာကိုပိုယုံမလဲ?

[email protected] လား… ဒါမှမဟုတ် [email protected] ကိုလား?

Gmail, Outlook အစရှိတာတွေဆီကရတဲ့ အခမဲ့ အီးမေလ်းတွေကို အသုံးပြုမယ်ဆိုရင် သင့် Customer တွေကို ယုံကြည်မှုပိုင်းဆိုင်ရာမှာ များစွာအနှောက်အယှက်ဖြစ်စေလို့ သင့် Brand ရဲ့ Impression ကိုလည်းအထူးပင်ကျဆင်းစေပါတယ်။

  1. သင့်မှာ Domain လိပ်စာတစ်ခုရှိနေပြီဆိုရင် သင့်အတွက် Custom Email ဟာ လက်တစ်ကမ်းအကွာမှာရှိနေပါပြီ

သင့်လုပ်ငန်းအတွက် သင့်မှာ www.example.com အစရှိတဲ့ ကိုယ်ပိုင်လိပ်စာတစ်ခုရှိနေပြီဆိုရင် သင်ဟာ Custom Email ကိုအခမဲ့အသုံးပြုနိုင်ဖို့ လက်တစ်ကမ်းပဲလိုပါတော့တယ်။ ကျွန်တော်တို့ ဇီးကွက်မှာ အလုပ်အပ်တဲ့ Customer တိုင်းကို Customer Email အခမဲ့ ၅ခုအထိ ဖန်တီးပေးပါတယ်။ ကျွန်တော်တို့ရဲ့  Email က ZOHO ဆိုတဲ့ကုမ္ပဏီမှ အထောက်အပံ့ပေးတဲ့အတွက် လုံခြုံရေးအပိုင်းမှာ လုံး၀စိတ်ချရကြောင်းအာမခံပါတယ်။ ကျွန်တော်တို့ဆီမှ အီးမေလ်း ၀န်ဆောင်မှုတစ်ခုကိုပဲအသုံးပြုချင်တယ်ဆိုရင်လည်း အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်..

 

  1. သင့်လုပ်ငန်းကအလုပ်လုပ်နေတဲ့ ၀န်ထမ်းတစ်ယောက်ယောက်အလုပ်ထွက်သွားခဲ့ရင်တောင်မှ, Email တွေကိုသင်ကိုယ်တိုင်ထိန်းချုပ်နိုင်ပါတယ်….

သင့်လုပ်ငန်းက Marketing ၀န်ထမ်းတစ်ယောက်အလုပ်ထွက်သွားတယ်ဆိုပါတော့…. သင့်ဟာ Custom Email ကိုအသုံးမပြုခဲ့ဘဲ Marketing ၀န်ထမ်းရဲ့ Personal Email သို့မဟုတ် အခမဲ့ရတဲ့ Gmail ကိုအသုံးပြုခဲ့မယ်ဆိုရင် အလုပ်ထွက်သွားတဲ့၀န်ထမ်းစီကို သင့်အချက်အလက်တွေပါသွားပါရာခိုင်နှုန်းအရမ်းကြီးမားလှပါတယ်။ တချို့ဆိုရင် လုပ်ငန်းရဲ့ Gmail Password တွေကိုပါပြောင်းသွားတတ်တဲ့အတွက် ကြီးမားတဲ့နစ်နာမှုဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်ပါတယ်။

 

  1. သင်ကြိုက်တဲ့နာမည်ကိုပေးလို့ရပါတယ်..

အခမဲ့ အသုံးပြုလို့ရတဲ့ အီးမေလ်းလိပ်စာတွေမှာ နာမည်တူတာတွေများတဲ့အတွက် သင်လိုချင်တဲ့နာမည်တစ်ခုကို ရဖို့အရမ်းပဲခက်ခဲလှပါတယ်။ ဒါပေမယ့် Custom Email မှာကတော့ သင်ကြိုက်တဲ့ နာမည်ကို သင်ကိုယ်တိုင် ပေးလို့ရလို့ လုပ်ငန်းအတွက်ရော Email လိပ်စာကို မှတ်မိဖို့ရောအတွက်ပါများစွာအထောက်အကူပြုပါတယ်…..

 

  1. သင်ကိုယ်တိုင်ထိန်းချုပ်လို့ရတဲ့ အီးမေလ်းဖြစ်တဲ့အတွက် ကြော်ညာမပါ ၀င်ပါဘူး….

Gmail အစရှိတဲ့ အီးမေလ်းတွေဘာလို့ အခမဲ့ရလဲ? ဘာလို့လဲဆိုတော့ သူတို့ပေးတဲ့ အီးမေလ်းတွေထဲကို ကြော်ညာတွေထည့်လို့ရလို့ အခမဲ့ပေးတာပါ။ နောက်ပြီးကျွန်တော်တို့ ပို့ထားတဲ့ အီးမေလ်းအချက်အလက်အတွေပေါ်မူတည်ပြီး ကျွန်တော်တို့ ကြိုက်မယ်ထင်တဲ့ ကြော်ညာတွေကို ထည့်ပြီး ၀င်ငွေရနေတာပါ။ သင့်အီးမေလ်းမှာတော့ သင်ကိုယ်တိုင်ထိန်းချုပ်တဲ့ အတွက် ကြော်ညာကင်းရှင်းစွာ Privacy ရှိရှိအသုံးပြုနိုင်မှာဖြစ်ပါတယ်။

 

 

Custom Email လုပ်ချင်လို့ဘယ်လောက်ကုန်မလဲ?

Custom Email လုပ်ဖို့အတွက် သင့်မှာ Domain and Hosting တစ်ခုရှိဖို့လိုအပ်ပါတယ်။ Domain and Hosting စုစုပေါင်း တစ်နှစ်စာ ရဲ့ကုန်ကျစရိတ်ဟာ ၆၅၀၀၀ ကျပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ Zeagwat, Inc. မှ Domain and Hosting တစ်နှစ်စာ၀ယ်ယူပါက သင့်အနေနဲ့ Android, IOS, Windows, Mac အစရှိတာတွေမှာ လွယ်ကူလုံခြုံစိတ်ချစွာအသုံးပြုနိုင်ပါတယ်။

 

မကြာမီတွင် ကျွန်တော်တို့ Zeagwat, Inc. မှ တစ်နှစ်ကို Domain  နှင့် Hosting ၀ယ်ယူခလောက်သာကုန်ကျပြီး သင့်လုပ်ငန်းအတွက် Website ရော Application ပါရရှိနိုင်မှု ၀န်ဆောင်မှုကို စတင်မိတ်ဆက်တော့မှာဖြစ်သည့်အတွက် စိတ်ပါ၀င်စားပါက ကြိုတင်ဆက်သွယ်စုံစမ်းပြီး စာရင်းသွားထားနိုင်ပါတယ်။ ကြိုတင်စာရင်းသွင်းထားသူများအား ၁၅ရာခိုင်နှုန်း Discount လျော့ပေးသွားမှာဖြစ်တဲ့အတွက် အခုပဲဖုန်းဆက်ပြီး ကြိုတင်စာရင်းသွင်းလိုက်ပါ…..

 

ဖုန်း – 09770126660 | 09977829744

အီးမေလ်း – [email protected] | [email protected]

[Zawgyi]




 






 



 



 



 



 



 


 

 

 


 


 

Leave a Replay