Complete Hotel Website and Photo Package ထဲမှာ ဘာတွေပါလဲ?
ကျွန်တော်တို့ရဲ့ Service များကို အစဥ်အမဲတိုးတက်အောက် ဆောင်ရွက်လျက်ရှိရာ ယခုအောက်တွင်ပြသထားသော ၀န်ဆောင်မှုများသည် လက်ရှိ Package ထဲတွင်ပါ၀င်သော ၀န်ဆောင်မှုများဖြစ်ပါသည်။
Project URL: www.rubymyanmarhotel.com
Duration: 1 Month
- Free Domain and Hosting (1 Year)
Website တစ်ခုကို ပြုလုပ်တော့မည်ဆိုပါက မိမိလုပ်ငန်းနာမည်ဖြင့် Website Address တစ်ခုနှင့် အချက်အလက်များကို သိုလှောင်ရန် Hosting Server တစ်ခုလိုပါတယ်။ ကျွန်တော်တို့ ဇီးကွက် ၏ Complete Package ထဲတွင် Domain လိပ်စာနှင့် Hosting Server တစ်နှစ်စာကို အခမဲ့ ထည့်သွင်းပေးထားပါတယ်။
- Custom Web Design and Development
ကျွန်တော်တို့သည် အခြားသော ကုမ္ပဏီများကဲ့ သို့ Ready Made Web Template Design များကို အသုံးမပြုဘဲ လူကြီးမင်းတို့၏ အကြိုက်အပေါ်မူတည်၍ Website Design ကိုအစအဆုံးပြင်ဆင်ရေးသားပေးပါသည်။ ဒါကြောင့် လူကြီးမင်းတို့၏ Brand ဟာအခြားသောပြိုင်ဘက်များနှင့် မတူဘဲ တမူထူးခြားနေမှာပါ။
- Professional Photography for Marketing
ဓာတ်ပုံကောင်းတစ်ပုံဟာ လူကြီးမင်းလုပ်ငန်းကို များစွာပြောင်းလဲပစ်နိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ဟိုတယ်လုပ်ငန်းရှင်အများဆုံးကြုံတွေ့ရတာကတော့ ဓာတ်ပုံကောင်းမရှိတဲ့အတွက် Customer ၏ယုံကြည်မှုနှင့် စိတ်၀င်စားမှု ကျဆင်းစေတဲ့ ပြဿနာပါပဲ။ ဒါကြောင့် ကျွန်တော်တို့မှ Hotel များအတွက်လိုအပ်သည့် ဓာတ်ပုံကောင်းများရရှိစေရန်အတွက် ကျွမ်းကျင်ပြီးဖန်တီးနိုင်စွမ်းရှိသည့် ဓာတ်ပုံဆရာများဖြင့် အစအဆုံးတာ၀န်ယူ ရိုက်ကူးပေးပါသည်။ ဓာတ်ပုံအရေအတွက်အားဖြင့် ပုံ ၄၀ မှ ၅၀ အထိ ပြင်ဆင်ပြီး အချောဓာတ်ပုံများကို ရိုက်ကူးပေးပါသည်။
- Free Monthly Backup and Security Service
မည်သည့် Website မဆို Error နှင့်မကင်းပါဘူး။ ဒါကြောင့် မိမိ Website ကိုမသမာသောနည်းဖြင့် အသုံးချမည့် Hacker များ၏ အန္တရာယ်ဟာလည်း ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဇီးကွက်မှ ၀န်ဆောင်မှုပေးသည့် Website များဟာ ထိုကဲ့သို့သောပြဿနာများကို ကာကွယ်ပေးထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လူကြီးမင်း၏ Website Error တက်သွားပါက ကျွန်တော်တို့ဇီးကွက်မှ အမြန်ဆုံး အခမဲ့ ပြုပြင်ဆောင်ရွက်ပေးပါတယ်။
- Online Travel Agent Listing Submission (Booking.com, Agoda, TripAdvisor, Expedia)
လူကြီးမင်းတို့ Hotel အတွက် လိုအပ်သည့် marketing channels များဖြစ်သော (Booking.com, Agoda, TripAdvisor, Expedia) တို့နှင့်လည်း ချိတ်ဆက်ပေးပါသည်။
- 360 Photos and Google Street View
Zeagwat, Inc. က ၂၀၁၇ မှာ Google Street View မှယုံကြည်ရတဲ့ Google Street View Trusted Photographer တံဆိပ်ကို ရရှိခဲ့ပါတယ်။ Google Maps နှင့် Google Street View ဟာကမ္ဘာပေါ်မျာ သုံးစွဲသူပေါင်း usGသန်းတစ်ထောင်ကျော်ရှိပါသည်။ ဒါကြောင့် Hotel လုပ်ငန်းများအနေဖြင့် Customer များလက်မလွှတ်ရလေအောင် 360 Photos များကို ကျွန်တော်တို့ဘက်မှ ၁၀ပုံမှ ၁၅ပုံအထိ အခမဲ့ ရိုက်ကူးပေးပြီး၊ Google Street View နှင့် ချိတ်ဆက်ပေးပါသည်။
- Facebook Chatbot Integration
Facebook ဟာ လူပေါင်း သန်း ၁၅၀၀ ကျော်အသုံးပြုနေတဲ့ နာမည်အကြီးဆုံး Social Network ပါ။ နေ့စဥ် တည်းခိုမည့် ဧည့်သည်များဟာ Facebook Page Chatbox မှ မေးခွန်းများကိုမတည်းခင်မေးလေ့ရှိပါသည်။ ထိုမေးခွန်များအတွက် လူတစ်ယောက်ထဲမှ အချိန်နှင့် တပြေးညီ ချက်ချင်းဖြေပေးဖို့ ခက်ခဲပါသည်။ ဒီလိုပြဿနာအတွက် ကျွန်တော်တို့ဘက်မှ လူကြီးမင်းတို့၏ Facebook Page ပေါ်တွင် Artificial Intelligent (အသိဥာဏ်အတု) တစ်ခုတည်ဆောက်ပေးပြီး Customer များမေးသည့်မေးခွန်းများကို ချက်ချင်းဖြေကြားပေးသည့် Chatbot စနစ်ကို ထည့်သွင်းပေးနိုင်ပါသည်။
- Professional Email Service
Hotel တွင် အသုံးပြုမည့် email service အတွက် ကျွန်တော်တို့ Zeagwat မှ လူကြီးမင်း၏ Domain လိပ်စာ နာမည်ဖြင့် Professional Custom Domain Email Account များကို အခမဲ့ အကောင့်၅ခု အထိ ၀န်ဆောင်မှု ပေးပါသည်။
အထက်တွင်ဖော်ပြခဲ့သောအကြောင်းအရာများသည် Hotel Website Complete Package တွင်ပါ၀င်သော အဓိက၀န်ဆောင်မှုများဖြစ်ပါသည။ ထို၀န်ဆောင်များအပြင် ကျွန်တော်တို့ ဇီးကွက် မှ Custom Email Accounts ၅ ခု၊ Website တွင် ထည့်သွင်းအသုံးပြုရသော Enquiry and Room Booking Form စနစ်များကိုပါ ထည့်သွင်းပေးထားပါသည်။
** မှတ်ချက် ** ကျွန်တော်တို့ ဇီးကွက်မှ ဟိုတယ်လုပ်ငန်းများအတွက် နည်းပညာနှင့် သက်ဆိုင်သည့် လိုအပ်မည့်၀န်ဆောင်မှုများကို စဥ်ဆက်မပြတ် တိုးချဲ့လျက်ရှိရာ မကြာမီထွက်ရှိလာမည့် Hotel Android Application ၀န်ဆောင်မှုကိုလည်း ယခု Complete Package ထဲတွင် တစ်ပါတည်း ၀န်ဆောင်မှု အခမဲ့ တိုးချဲ့ပေးမည်ဖြစ်ပါသည်။ အသေးစိတ် သိရှိလိုပါက sales@zeagwat.com သို့ဖြစ်စေ +959770126660 သို့ဖြစ်စေ ဆက်သွယ်အကြောင်းကြားပြီး မေးမြန်းနိုင်ပါသည်။
လူကြီးမင်း၏ Hotel လုပ်ငန်းအား IT ခေတ်ကြီးမှာ ရှေ့ပြေးနေစေဖို့အတွက် ကျွန်တော်တို့ ဇီးကွက်နှင့် အတူလက်တွဲလိုက်ကြပါစို့….