Covid-19 Second Wave ပြန်ဖြစ်လာတာဟာ အသေးစား နှင့် အလတ်စားလုပ်ငန်းတွေအပေါ်ကို အကျိုးသက်ရောက်မှု အရမ်းပဲကြီးမားလှပါတယ်။
အသေးစားနှင့် အလတ်စားလုပ်ငန်းတွေအနေနဲ့ Covid-19 ကာလအတွင်းမှာ Marketing Ideas တွေကိုပြောင်းလဲလာကြပြီး Digital Marketing ရဲ့ အရေးပါမှုကလည်းတဖြည်းဖြည်းမြင့်တက်သလို လုပ်ငန်းတွေက Online ကနေ စနစ်ကျကျလုပ်ကိုင်နိုင်ရန်အတွက် နည်းပညာအကူအညီကလဲ များစွာလိုအပ်လာပါတယ်။
အခုလို COVID-19 ကာလမှာ အသေးစားလုပ်ငန်းရှင်တွေအနေနဲ့ မိမိလုပ်ငန်းကို ရေရှည်ဆက်သွားနိုင်ဖို့အတွက် Digital Marketing ပိုင်းနဲ့ အခြားမဖြစ်မနေ လိုအပ်လာတဲ့ အချက်တွေရှိပါတယ် ။
အဲ့တာတွေကတော့ ……
Website
Website ကတော့ မိမိလုပ်ငန်းကို Customer များပိုမိုယုံကြည်မှုရရှိစေနိုင်သည့်အပြင်၊ မိမိလုပ်ငန်းမှ ၀န်ဆောင်မှုပေးသောအရာများ၊ ထုတ်ကုန်များကို အလွယ်တကူစနစ်တကျ ကြည့်ရှု၀ယ်ယူနိုင်သည့်အတွက် ကြောင့်မလို့ Website တစ်ခုဟာ မရှိမဖြစ်လိုအပ်လာပါပြီ။
Social Media
မိမိ customer တွေနဲ့ အဆက်အသွယ်မပြတ်သွားအောင်၊ ပိုပြီးစိတ်ဝင်စားလာအောင် Social Media ကနေတဆင့် မိမိလုပ်ငန်းအကြောင်းနဲ့ ပတ်သက်ပြီး မကြာခဏတင်သင့်ပါတယ်။ ဒါ့အပြင် Digital Marketing အတွက်လိုအပ်တဲ့ Content တွေနဲ့ မိမိ Product တွေကို ပထမဆုံးမြင်လိုက်ကတည်းက တန်းစိတ်၀င်စားသွားအောင် ဆွဲဆောင်နိုင်တဲ့ Design တွေ ဓာတ်ပုံတွေကလည်းအရေးပါလှပါတယ်။ ဒါကြောင့် ကောင်းမွန်သော ဒီဇိုင်းများနှင့် ဓာတ်ပုံများကို Social Media ပေါ်တွင် များများဖန်တီးပါ…
Video/Live Streaming
ကိုယ့် customer တွေနဲ့ ပိုပြီး ရင်းနှီးမှုရှိအောင် မိမိလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ အကြောင်းတွေကို video ရိုက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ live လွင့်ပြီးတော့ ဖြစ်ဖြစ် ဖော်ပြသင့်ပါတယ်။
လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေကို COVID-19 ကာလမှာ ဆက်လက်လည်ပတ်နိုင်စေဖို့အတွက်အရေးပါတဲ့ Website နဲ့ Digital Marketing တွေကို ကျွန်တော်တို့ ဇီးကွက်မှ တာဝန်ယူပြုလုပ်ပေးနေပါတယ်။
- Contact : +959770126660 | +9599977829744
- Email : hello@zeagwat.com | sales@zeagwat.com
- Website : https://zeagwat.com