အခုခေတ်မှာ အရမ်းရေပန်းစားလာတဲ့ Social Media Marketing ကို တစ်ကမ္ဘာလုံးမှာသာမက မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။
ဘာကြောင့်လဲ?
ကျွန်တော်တို့နိုင်ငံမှာ လူတိုင်းနီးပါး Social Network (Facebook) ကိုအသုံးပြုနေကြတယ်။ သိချင်တာတွေ ရှာကြတယ်၊ ၀ေမျှကြတယ်။ တချို့က စျေးရောင်းကြတယ်၊ အွန်လိုင်းပေါ်မှာ စျေး၀ယ်ကြတယ်။ တချို့က မိမိလုပ်ငန်းကို လူသိများလာအောင်လုပ်ကြတယ်။ ထိုကဲ့သို့ လှုပ်ရှားနေတဲ့ လူတွေဟာ Social Media ပေါ်မှာနေ့စဥ်နဲ့ အမျှ သက်၀င်လှုပ်ရှားနေတာပါ။
အဲ့ဒီတော့?
အဲဒီတော့ မိမိကြေညာချင်တဲ့၊ သိစေချင်တဲ့၊ ရောင်းချင်တဲ့ အရာတစ်ခုခုရှိပြီဆိုလျင် Social Network (Facebook) ဟာ အခွင့်အလမ်းအများဆုံးနေရာတစ်ခု အလိုလိုဖြစ်လာပါတယ်။
Social Media Marketing ဆိုတာကတော့ Facebook, Instragram, Twitter အစရှိတဲ့ Social Network တွေထဲမှာ ကြော်ညာတစ်ခုအနေနဲ့ မိမိသိစေချင်တဲ့ အကြောင်းအရာကို အချိန်တိုတိုအတွင်းနဲ့ လူသိများလာအောင် အခကြေးငွေပေးပြီး ကြော်ညာရတဲ့ Marketing တစ်ခုပဲဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ကြေညာမှု အများဆုံး Social Network ကတော့ Facebook ပဲဖြစ်ပါတယ်။ Facebook ပေါ်မှာ မိမိကြော်ညာချင်တဲ့ အကြောင်းအရာကို နေရာ၊ အသက်အရွယ်၊ စိတ်၀င်စားမှူ အစရှိတာတွေနဲ့ ခွဲခြမ်းစိတ်ဖြာပြီး မိမိလုပ်ငန်းအတွက် ထိရောက်အောင် Promote လုပ်နိုင်ပါတယ်။
အခြားသော Social Media Marketing Channel တွေလည်းရှိပါသေးတယ်… အဲ့ဒါတွေကတော့
Youtube
Twiiter
Messenger အစရှိတာတွေပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ တစ်ကမ္ဘာလုံး မှာအသုံးပြုသူပေါင်း သန်း ၁၀၀၀ကျော်နဲ့ အများဆုံးဖြစ်နေတဲ့ Social Network ကတော့ Facebook ပဲဖြစ်ပါတယ်။
Social Media Marketing လုပ်ရန် အခက်အခဲဖြစ်နေသူများအတွက် ကျွန်တော်တို့ ဇီးကွက်မှ ကူညီဆောင်ရွက်ပေးပါသည်။ အသေးစိတ်သိရှိလိုပါက အောက်ပါအချက်အလက်များမှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဖုန်း – 09977829744
အီးမေးလ် – info@zeagwat.com | sales@zeagwat.com